1/11
K139,000
K289,100
51% လျှော့ဈေး
Clinique Clarifying Face Lotion 3 - For Combination Oily Skin
- ဘရန်း:
- Clinique
🛒 ကိုယ့်ရဲ့ Skincare စရိတ်တွေ လေလွင့်မကုန်ဆုံးစေချင်တော့ဘူးဆိုရင်...❌❌❌ ❗️ပျိုမေတို့ရဲ့ Skincare Routine ထဲမှာ မရှိမဖြစ် အမြန်ဆုံးထည့်လိုက်ရတော့မယ့် Product❗️ “Skincare တွေ ဘယ်လောက်လိမ်းလိမ်း မထူးခြားလာတော့ဘူး..." Serum တွေ..Sun Cream တွေ ဈေးကြီးပေးဝယ်ပြီး လိမ်းနေတာပဲ...ဘာလို့ အသားက မကြည်ဘဲ ညိုမှိုင်းနေရတာလဲ? 🤔 ❗️ဆဲလ်သေတွေ အလွှာလိုက် ပိတ်ဆို့နေလို့ပါ❗️ ▪️ရှေ့က တံတိုင်းကြီး ပိတ်နေတဲ့အတွက် ဘယ်လောက်ကောင်းတဲ့ Skincare လိမ်းလိမ်း အသားထဲ မဝင်ဘဲ လေလွင့်ကုန်တာပေါ့ 🔸ဒီပြဿနာကို ချက်ချင်း အဆုံးသတ်ချင်တယ်.. 🔸လိမ်းသမျှ Skincare အာနိသင်ကို ၁၀၀% အပြည့်အဝရချင်တယ်ဆို... ❗️Clinique ရဲ့ Clarifying Lotion 3 လေးရှိနေမှဖြစ်မယ်နော်..✔️ ▪️လိမ်းသမျှ Skincare တိုင်း အသားထဲ စိမ့်ဝင်သွားစေမယ် * ဆဲလ်သေတွေကို ညင်သာစွာ ခွာချပေးလိုက်လို့ နောက်ထပ်လိမ်းမယ့် Serum နဲ့ ခရမ်တွေက အသားထဲကို ထောပတ်လို စိမ့်ဝင်သွားပြီး အာနိသင် ထင်ထင်ရှားရှား ပြလာပါလိမ့်မယ် ▪️ဆားဝက်ခြံနဲ့ အဆီဖုတွေကို အမြစ်ပြတ်စေတယ် * ချွေးပေါက်ပိတ်ဆို့မှုကို သန့်စင်ပေးလို့ နှာခေါင်းဘေးက ကပ်စေးစေး ဆားဝက်ခြံ (Blackheads) တွေနဲ့ မျက်နှာက အဆီဖုတွေကို သိသိသာသာ ပါးလျား ပျောက်ကွယ်သွားစေပါတယ် ▪️မျက်နှာသစ်ရုံနဲ့ မစင်ကြယ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ် * မျက်နှာသစ်ပြီးလို့ သန့်စင်ပြီထင်ရပေမယ့် ဒီ Toner နဲ့ သုတ်လိုက်တဲ့အခါ ဂွမ်းပြားမှာ ဂျီးအမည်းရောင်တွေ ကပ်ပါလာတာကို မျက်ဝါးထင်ထင် မြင်ရလို့ စိတ်ကျေနပ်မှု အပြည့်ရစေမှာပါ ▪️မိတ်ကပ်လိမ်းရင် ကွက်ခြင်း၊ ဖွာခြင်း လုံးဝမရှိတော့ဘူး * အသားအရေက ကတ္တီပါလို ချောမွေ့သွားတဲ့အတွက် ဖောင်ဒေးရှင်း လိမ်းလိုက်ရင် ကွက်တာ၊ အဖတ်လိုက် ကွာတာမျိုး မရှိဘဲ မိတ်ကပ်သား တစ်နေကုန် အလှကြီး လှနေမှာပါ 💡နည်းလမ်းမှန်မှန် ဘယ်လိုသုံးမလဲ..❓ * မျက်နှာသစ်ပြီးတာနဲ့ ဂွမ်းပြားပေါ် ဆွတ်ပြီး မျက်နှာနဲ့ လည်ပင်းကို ညင်သာစွာ သုတ်ပေးရုံပါပဲ။ (မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သုံးရပါမယ်)










