• Retinol
  • Retinol
  • Retinol
  • Retinol
  • Retinol
  • Retinol
  • Retinol
  • Retinol
  • Retinol
  • Retinol

Retinol

▪️အသက်ကြီးလာတာနဲ့အမျှ အရွယ်တင်နုပျိုပြီး အသားအရေလှပမှုကို ထိန်းသိမ်းနိုင်မယ့် လျှို့ဝှက်ချက်က...??? ▪️၂၅နှစ်အထက် ပျိုမေလေးတွေကြားမှာ ရေပန်းစားပြီး Night Skincare Routine ထဲမှာ မဖြစ်မနေထည့်သုံးလာကြတဲ့ Product လေးက..???? ❣️ Retinol ▪️Retinol ကို အရမ်းပဲ သုံးကြည့်ချင်နေတယ်...ဆောင်ရန်/ရှောင်ရန်တွေများတာကြောင့် သုံးရမှာလဲ ကြောက်တယ်ဆိုတဲ့ပျိုမေလေးတွေအတွက်... ▪️မင်ကတော့ ခုသုံး ခုကြိုက် အိုကေမှာစိုပြေပါပဲ... ▪️ကိုယ်တိုင်သုံးကြည့်ပြီးမှ ကာကာလေးတွေလက်ထဲထည့်ပေးတာမို့ စိတ်ချလိုက်နော်... ➡️ မနက်နိုးတာနဲ့ အသားလေးက တင်းပြီးပြောင်နေချင်လား ? ➡️ မိတ်ကပ်လိမ်းလို့အရမ်းကောင်းတဲ့ အသားအရေလေးဖြစ်ချင်လား...? ➡️ ကြည်ကြည်စိုစိုလေးနဲ့ နုပျိုလှပတဲ့မိန်းကလေးအသွင် ပြောင်းလဲပစ်ချင်လား...? ❗️Retinol အစွမ်းအံ့မခန်းပါပဲနော်... ➡️ Retinol က အရေပြားအတွက် အကောင်းဆုံး Anti-Aging Product တစ်ခုပါ... ➡️ Collagen နဲ့ Elastin ထုတ်လုပ်မှုကို ၃ဆကနေ၅ဆအထိ တိုးစေနိုင်လို့ မျက်အိတ်တွဲခြင်းအပြင် အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ပေးနိုင်တယ်... ➡️ ချွေးပေါက်ကျဉ်းစေပြီး ဆဲလ်သေများကို Exfoliate လုပ်ပေးတာကြောင့် ဝက်ခြံ...အမာရွတ်နဲ့ အမည်းစက်များကို လျော့ပါးစေတယ်... အသားအရေကို ညီညာချောမွေ့စေတယ်... ➡️ အဆီပြန်ခြင်းကိုလျှော့ချပေးပြီး ဘက်တီးရီးယားပိုးမွှားများကို သေစေလို့ ဝက်ခြံထွက်နှုန်းကိုလည်း လျော့ကျစေပါတယ်... ➡️ ဆဲလ်အသစ်များကို ပြန်လည်မွေးဖွါးပေးနိုင်ပြီး အသားအရေတင်းရင်းကာ အရွယ်တင်နုပျိုစေတယ်... ➡️ နီမြန်းရောင်ရမ်းခြင်းနဲ့ အရေပြားယားယံခြင်းကိုလဲ သက်သာစေပါတယ်... ❣️ Retinol 0.5% in Squalane Full Size (30ml) - 79,500 ❣️ Retinol 0.2% in Squalane Full Size (30ml) - 79,500 ⚠️ Retinol စတင်အသုံးပြုမယ်ဆို ဆောင်ရန်/ရှောင်ရန်လေးတွေက... ▪️Retinol ပမာဏပါဝင်မှု နည်းတာကို အရင်သုံးပေးရပါမယ်... ▪️တစ်ခါထဲနဲ့လဲအများကြီးလိမ်းစရာမလိုပါ (မျက်နှာအနှံ့ ၂/၃ စက်ဆိုရပါပြီ) ▪️တကယ်လို့ ကိုယ်က အသားအရေထိခိုက်လွယ်တဲ့သူဆိုရင် နားနောက်ဖက်နဲ့ တံတောင်ဆစ်အတွင်းဖက်မှာ 24 နာရီ Patch Test အရင်လုပ်ပါ... ❗️ရက်ခြားသုံးပေးရပါမယ် (ဥပမာ - Retinol စတင်အသုံးပြုတဲ့ ပထမတစ်ပတ်မှာ ၁ ရက်ပဲသုံးပေးပါ) ❗️ဒုတိယအပတ်မှာ တစ်ပတ်ကို ၂ ရက် (ရက်ခြား) သုံးပေးပါ... ❗️တတိယအပတ်မှာ တစ်ပတ်ကို ၃ ရက် (ရက်ခြား) သုံးပေးပါ... ➡️ ကိုယ့်အသားအရေနဲ့ Retinol အသားကျသွားပြီဆို တစ်ရက်ခြားဖြစ်ဖြစ် နေ့စဥ်အသုံးပြုလို့ရသလို Retinol % ကိုလဲ တစ်ဖြည်းဖြည်းတိုးသွားလို့ ရပါပြီနော်... ⚠️ ညဘက်မှာပဲသုံးပေးဖို့လိုပါတယ်... Retinol လိမ်းပြီး Moisture သုံးပေးရပါမယ်... (Skincare Product အားလုံးကို မိနစ်အနည်းငယ် အသားထဲစိမ့်ဝင်အောင်စောင့်ပြီးမှ နောက်ထပ်လိမ်းပေးရပါမယ်)... ဒါမှသာ ထိရောက်တဲ့ အကျိုးကျေးဇူးခံစားရမှာပါနော်... ⚠️ Retinol သုံးထားပြီး နောက်ရက်နေ့ဘက်ကို SPF 50+ နေလောင်ကာခရင်မ်ကို မဖြစ်မနေလိမ်းပေးဖို့ လိုပါတယ်... ➡️ အရေပြားခြောက်သွေ့အဖတ်လန်တတ်တဲ့သူဆို Hyaluronic Acid + Moisturizer တွဲသုံးပေးပါ... ➡️ ကိုယ်က Retinol ကို ပထမဆုံးအကြိမ်စသုံးတဲ့သူဆို အရေပြားနီမြန်း/ယားယံ/ခြောက်သွေ့ခြင်း ဖြစ်နိုင်ပါတယ်... ➡️ ပြင်းပြင်းထန်ထန်ယားယံတာ အနီဖုတွေထွက်လာတာမဟုတ်ရင် စိုးရိမ်စရာမရှိပါဘူးနော်... ❗️Retinol က နည်းလမ်းမှန်မှန်နဲ့ စနစ်တကျသုံးပေးသွားမယ်ဆို အရမ်းကိုစိတ်ကျေနပ်လောက်စရာ အသားအရေလေးရမှာကျိန်းသေနော်... (မင်မင်ကိုယ်တွေ့) ❗️အထူးသတိပြုရန် ⚠️ နေရောင်ခြည်ကို ပိုမိုခံစားရနိုင်သဖြင့် SPF 50+ နေလောင်ကာခရင်မ် မဖြစ်မနေလိမ်းပေးပါ ⚠️ အခြား Retinoid ပါဝင်သော ပစ္စည်းများနှင့် တွဲမသုံးရ ⚠️ အဖုံးဖွင့်ပြီးပါက 3 လအတွင်း သုံးပြီး ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ 🚫 ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသုံးရ 🚫 အရေပြားပေါက်ပြဲနေလျှင်/ဝက်ခြံပြင်းထန်လျှင် မသုံးရ 🚫 ကလေးများ လက်လှမ်းမမီနိုင်သော နေရာတွင် ထားပါ Targets: Early Signs of Aging, Dryness, Textural Irregularities, Signs of Aging, Uneven Skin Tone Suited to All Skin Types Format Serum: Anhydrous How to use: Apply a few drops to the face in the evening. Do not use with other retinoid products. Use sun protection during the day. Caution: Retinol can cause irritation, redness, and peeling, especially around the eyes and mouth, in the early stages of use while skin builds tolerance. Refrigerate after opening. If irritation occurs, rinse off, cease use, and consult a physician. Use only as directed on unbroken skin. Patch testing prior to use is advised. Keep out of reach of children. Product & Safety Guidance: Apply a small amount of the product onto a clean area of skin on the upper forearm. Keep the area dry. If the product has a specified duration of use, rinse off after this time has elapsed. Otherwise rinse off after 24 hours. If any redness, burning, itching, blistering or irritation is observed at any time throughout the test, do not use the product.

K79,500

30ml